သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လာရောက်လည်ပတ်သူအားလုံးကို ကြိုဆိုပါတယ်

Saturday, August 4, 2012

CD နှင့် DVD ခွေများဝယ်မယ်ဆိုရင် သိထားသင့်သောအချက်များ



ကျွန်တော် ဒီနေ့တော့ သိထားသင့်တာလေး တစ်ခုကို ရေးပေးသွားပါမယ် .. အခုကျွန်တော် ရေးပေးမဲ့ အကြောင်း အရာလေးကတော့ ကွန်ပျုတာသမားတိုင်း အကျွမ်းတ၀င်အသုံးပြုနေပြီး အမှုမဲ့အမှတ်မဲ့ ထားတဲ့ အကြောင်းအရာ လို့ပြောရင်လည်း မမှားပါဘူး .. ကျွန်တော် အခုရေးပေးသွားမဲ့ အကြောင်းအရာကတော့ CD-R ၊ CD-RW ၊ CD+R ၊ CD+RW ၊ DVD-R ၊ DVD+R ၊ DVD-RW နဲ့ DVD+RW တို့ရဲ့ ကွာခြားချက်လေးတွေပဲ ဖြစ်ပါတယ် .. ဘာလို့ ကျွန်တော် ဒီအကြောင်းအရာကို ရေးပေးရလည်း ဆိုတော့ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အများစုက CD ၊ DVD ခွေတွေကို ၀ယ်ပြီးတော့ အသုံးပြုနေကြပေမယ့်လည်း ဒီကွာခြားချက်တွေကို သတိမထားမိကြပါဘူး .. ဒါကြောင့် ဘာတွေဖြစ်လည်းဆိုတော့ အခွေတော့ ၀ယ်လာတယ် ဒါပေမယ့် အခွေက ၀ယ်ပြီးတော့မှ ကိုယ်သုံးချင်တဲ့ ပုံစံနဲ့ မကိုက်ညီတာမျိုး တွေကြုံကြရပါတယ် .. ကျွန်တော် အခုရေးပေးမဲ့ အကြောင်းအရာက တစ်ချို့သူတွေအတွက် အသုံးမ၀င် ဘူးဆိုရင်တောင် ဗဟုသုတ တစ်ခုအနေနဲ့ သိသွားမယ်ဆိုရင် ကျေနပ်ပါတယ် .. 
အရင်ဆုံး ကျွန်တော် တစ်ခုချင်းမရှင်းပြမှီ CD နဲ့ DVD ဘာကွာခြားလည်း ဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ် ..CD နဲ့ DVD ခွေတွေကိုတော့ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အလွယ်တကူ အသုံးပြုနေကြတာ ဖြစ်တဲ့အတွက် အားလုံးပဲ သိကြမှာပါ .. CD ( Compact Disk ) နဲ့ DVD ( Digital Versatile Disc ) တို့ဟာ Laser Light ကိုအသုံးပြုပြီး မိမိတို့ သိမ်းချင်တဲ့ Data တွေကို သိမ်းဆည်းပေးနိုင်ဖို့ အသုံးပြု နိုင်မှာဖြစ်ပါတယ် .. ကျွန်တော်တို့ ပြင်ပနယ်ပါယ်မှာတော့ CD Disc နဲ့ DVD Disc တွေကို Movie တွေ သီချင်းခွေတွေ စတဲ့ဖျော်ဖြေမှု နယ်ပါယ်တွေအတွက် အဓိကထား အသုံးပြုကြတာ တွေ့ရမှာဖြစ်ပါတယ် .. 



ဒါပေမယ့် ကျွန်တော်တို့ ကွန်ပျူတာ သမားတွေကတော့ CD Disc တွေ DVD Disc တွေကို အချက်အလက်တွေ သိမ်းဆည်းဖို့ Windows Installation တွေလုပ်ဆောင် တဲ့အခါမှာ အထောက်အကူပြုဖို့ အသုံးပြုနေကြတာ ဖြစ်ပါတယ် ..CD Disc နဲ့ DVD Disc တွေဟာ ရုတ်တရက် ကြည့်မယ်ဆိုရင် အတူတူပဲလို့ ထင်ရပေမယ့် သူတို့မှာ ကွဲပြားချက် လေးတွေတော့ ရှိနေပါတယ်.. သိသာတဲ့ ကွဲပြားချက် တစ်ခုကတော့ ( Data Storage Capacity ) လို့ခေါ်တဲ့ အချက်အလက်တွေကို သိမ်းဆည်းနိုင်စွမ်းပဲ ဖြစ်ပါတယ် .. CD Disc များဟာ အများဆုံး ဗီဒီယို မိနစ် ၈၀ စာ ( DATA Storage 750 MB ) သာသိမ်းဆည်းနိုင်တဲ့ အချိန်မှာ DVD Disc တွေကတော့ ဗီဒီယို နှစ်နာရီစာ ( Data Storage 4.37 GB ) သိမ်းဆည်းပေးနိုင်မှာဖြစ်ပါတယ် .. ကျွန်တော်တို့က CD ၊ DVD ခွေတွေကို ၀ယ်ချင်တယ်ဆိုရင် သိပ်ခက်ခက်ခဲခဲ ခွဲခြားနေစရာ မလိုပဲ Cover မှာရေးထားတဲ့ DVD ( သို့မဟုတ် ) CD ဆိုတာလေးကို ကြည့်ပြီး အလွယ်တကူ ခွဲခြားပေးနိုင်မှာ ဖြစ်ပါတယ် .. 
CD ခွေတစ်ခွေဝယ်မယ်ဆိုရင် အခွေအများစုရဲ့ Cover မှာ CD-R ၊ 700 MB ၊ 80 MIN ၊ 52x SPEED ဆိုပြီး ရေးထားတာကို အလွယ်တကူကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် .. တစ်ချို့အခွေတွေမှာဆိုရင် CD လို့မပါပေမယ့် .. အပေါ်မှာ ရှင်းပြခဲ့သလို 700 MB ဆိုတာ CD ခွေတစ်ခွေရဲ့ အများဆုံး Data Storage ဆိုတာကို သိထားမယ်ဆိုရင် အလွယ်တကူ CD ခွေမှန်းသိနိုင်မှာ ဖြစ်ပါတယ် ..
အပေါ်မှာ CD ခွေဝယ်တုန်းက ကြည့်သလိုပါပဲ DVD ခွေဝယ်ချင်တယ်ဆိုရင်လည်း အခွေ Cover ကိုကြည့်လိုက်ပါ .. DVD + R ၊ 4.7 GB လို့ရေးထားတာတယ် ဆိုရင် ဒါဟာ DVD ခွေပါလား ဆိုတာ အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. 



CD-R ၊ CD-RW and DVD-R ၊ DVD-RW



ကဲကျွန်တော် အပေါ်မှာ CD နဲ့ DVD ကွာခြား ချက်လေးနဲ့ ဘယ်လို ခွဲခြားသိုနိုင်မလည်း ဆိုတာကို ဖော်ပြပြီးခဲ့ပြီ ဆိုတော့ ဆက်ပြီးတော့ အခွေတွေ ကိုကြည့်လိုက်တဲ့ အခါမှာ CD-R ၊ CD-RW နဲ့ DVD-R ၊ DVD-RW ဆိုပြီး ပါလာတဲ့အခါမှာ R နဲ့ RW တို့ရဲ့ ကွာခြားချက်လေးတွေကို ရေးပေးသွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အများစုက DVD ၊ CD ခွေတွေကို ၀ယ်လိုက်တယ် .. ဒါပေမယ့် အခွေတွေကို ၀ယ်တဲ့အခါမှာ မိမိတို့ဝယ်တဲ့ အခွေက R ( Readable ) ဆိုတာဘာကိုပြောချင်တာ RW ( Rewriteable ) ဆိုတာဘာကို ပြောချင်တာလည်း ဘယ်လို အခွေမျိုးကို ဘာအတွက်ရွေးချယ်ပြီး ၀ယ်သင့် လည်းဆိုတာကို မသိကြပါဘူး .. R ဆိုတာက Readabe ကိုပြောတာဖြစ်ပြီး မိမိတို့ဝယ်လိုက်တဲ့ အခွေပေါ်မှာ ပါတဲ့ Data တွေကို ဖတ်ပဲဖတ်နိုင်တယ်လို့ ပြောချင်တာဖြစ်ပါတယ် .. W ဆိုတာကတော့ Writeable ကိုပြောတာဖြစ်ပြီး မိမိတို့ ၀ယ်လိုက်တဲ့အခွေဟာ ပြန်ပြီးတော့ ရေးသားမှုကိုလည်း ပြုလုပ်နိုင်တယ်လို့ ပြောချင်တာဖြစ်ပါတယ် .. 
ဒါဆိုရင် CD-R ၊ DVD-R ဆိုတာ Disc ပေါ်မှာ Data တွေကို တစ်ကြိမ်သာ ရေးသွင်းနိုင်မှာဖြစ်ပြီး အဲ့ဒီရေးသားထားတဲ့ အကြောင်းအရာတွေကို ( Readable ) ဖတ်ပဲဖတ်နိုင်တော့မှာ ဖြစ်ပြီး နောက်ထပ် Data အသစ်တွေကို ထပ်မံထည့်သွင်းခြင်းတွေကို လုံးဝ ပြုလုပ်လို့ ရတော့ မှာမဟုတ်ပါဘူး .. ဒါကြောင့် CD-R ၊ DVD-R ဆိုတာ ( Readable ) ဖတ်တာတစ်ခုထဲကိုပဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ် ..
CD-RW ၊ DVD-RW ဆိုတာကတော့ Disc ထဲမှာ မိမိတို့က Data တွေကို ပထမတစ်ကြိမ် ရေးသွင်းထားပါမယ် .. ဒါပေမယ့် အရင်ထည့်ပြီးသား Data တွေကို အသုံးမလို တော့တဲ့အတွက် နောက်ထပ် အသစ်တွေ ထပ်ပြီး သွင်းချင်တယ် ဆိုရင်လည်း ထပ်ပြီးတော့ ထည့်သွင်းလို့ ရမှာဖြစ်ပါတယ် .. ဥပမာ .. ကျွန်တော်က သူငယ်ချင်းဆီက ဇာတ်ကား သုံးကားကို DVD-RW ခွေနဲ့ကူးလာပါတယ် .... နောက်တစ်နေ့မှာ ပထမကူးလာတဲ့ ဇာတ်ကား သုံးကားလုံးကို ကြည့်ပြီးလို့ နောက်ထပ် ဇတ်ကား အသစ် တွေကို ကူးချင်တယ်ဆိုရင် ပထမ ဇာတ်ကား သုံးကားကူးလာတဲ့ DVD-RW ခွေထဲမှာပဲ နောက်ထပ်ဇာတ်ကား အသစ်တွေကို အရင်ကူးထားတဲ့ ဇာတ်ကား သုံးကားကို ဖျက်ပြီး ကူးနိုင်မှာဖြစ်ပါတယ် .. ဒါကြောင့် RW ဆိုတာ အခွေတစ်ခွေထဲနဲ့ အကြိမ်ကြိမ် Writeable ပြုနိုင်မှာ ဖြစ်ပါတယ် .. 

ဒီလောက်ဆိုရင်တော့ R နဲ့ RW တို့ရဲ့ ကွဲခြား ချက်လေးကို သိသွားပြီလို့ ထင်ပါတယ် .. ဒါကြောင့် ကျွန်တော်တို့ အခွေတွေ ၀ယ်တဲ့အခါမှာ CD-R ၊ DVD-R အခွေတွေဟာ CD-RW ၊ DVD-RW အခွေတွေထက် ပိုပြီး ဈေးကြီးတာကို တွေ့ရပါလိမ့်မယ် .. ဒါကြောင့် ကျွန်တော်တို့က အခွေတွေကို ၀ယ်မယ်ဆိုရင် မိမိတို့က တစ်ခါသုံးမှာလား ၊ ဒါမှမဟုတ် အခွေတစ်ခွေကိုပဲ ခဏခဏ ပြန်ပြီးသုံးချင်တာလား ဆိုတာကို ရွေးချယ်ပြီး ၀ယ်ယူနိုင်မှာဖြစ်ပါတယ် .. 
ကျွန်တော်အပေါ်မှာ R နဲ့ RW ရဲ့ ကွာခြားချက်ကို ရှင်းပြခဲ့ ပြီးသွားပြီဆိုတော့ အခုဆက်ပြီးတော့ ( minus ) နဲ့ ( Plus ) ကွာခြားချက်ကို ဆက်ပြီးရှင်းပြပေးသွားပါမယ် .. Minus Disc တွေဟာ Plus Disc တွေထက် ပိုပြီးတော့ ဈေးသက်သာပါတယ်.. -R , -RW Format အခွေတွေဟာဆိုရင် Multiple Layer လို့ခေါ်တဲ့ Layer တစ်ခုထဲမှာသာ ရေးသားနိုင်မှာ ဖြစ်ပြီး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် သတ်မှတ်ချက် ပြည့်ဝမှာမဟုတ်ပါဘူး .. +R , +RW Format အခွေတွေကတော့ DVD Format တော်တော်များများနဲ့ တွဲဖက်အသုံးပြု နိုင်မှာဖြစ်သလို စွမ်းဆောင်ရည်လည်း နည်းနည်းပိုလာမှာဖြစ်ပါတယ် .. ပြီးရင် Disc Storage လည်းနည်းနည်းပိုများပါတယ် .. လုပ်ငန်းပိုင်းဆိုင်ရာ တွေအတွက် အသုံးပြုဖို့ ဆိုရင်တော့ Plus Format တွေကိုသာ ရွေးချယ်ပြီး အသုံးပြု စေချင်ပါတယ် .. 
နောက်ဆုံးတစ်ချက် အနေနဲ့ကတော့ အခွေတွေတင်မှမဟုတ်ပါဘူး .. မိမိတို့စက်မှာ တင်ဆင်ထားတဲ့ Optical Drive တွေဟာ VCD Drive လား ၊ DVD Drive လား ၊ DVD Drive ဆိုရင်တောင် ရိုးရိုး DVD ROM လား DVD RW လားဆိုတာလည်း သိဖို့လိုပါတယ် .. မိမိတို့ကအသုံးပြုနေတဲ့ OPtical Drive က DVD Rom တပ်ဆင်ထားပြီး DVD RW ခွေကိုထည့်ပြီး အသုံးပြုမယ်ဆိုရင်တော့ Read only ပဲရမှာဖြစ်ပါတယ် .. မိမိတို့ စက်မှာ တပ်ဆင်ထားတဲ့ Optical Drive က DVD RW Rom ဖြစ်မှသာလျှင် Readable ရော Writeable ရောနှစ်မျိုးလုံးအသုံးပြုလို့ရမှာဖြစ်ပါတယ် .. ဒါကြောင့် မိမိတို့က DVD Rom ပဲတပ်ဆင်ထားတယ် ဆိုရင် RW ခွေဝယ်လာပေမယ့် Writeable လုပ်လို့ရမှာ မဟုတ်ဘူးဆိုတာကိုတော့ သိထား စေချင်ပါတယ် .. 



ဒီလောက်ဆိုရင်တော့ အားလုံးပဲ CD , DVD ခွေတွေဝယ်တော့ မယ်ဆိုရင် မိမိတို့အတွက် လိုအပ်တာကို အလွယ်အကူ ရွေးချယ် ၀ယ်ယူနိုင်သွားလိမ့်မယ်လို့ ထင်ပါတယ် .


IT နည်းပညာများ မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်...

Monday, July 30, 2012

မြန်မာနိုင်ငံကို အကြမ်း ဖက်တော့မည် ဟု တာလီဘန် တို့ ကြေငြာ

မြန်မာနိုင်ငံကို အကြမ်း ဖက်တော့မည် ဟု တာလီဘန် တို့ ကြေငြာ၊ ရွှေတိဂုံ၊ သမ္မတအိမ်၊ ပြည်ထောင်စု လွှတ်တော် နှင့် ဒေါ်စု အိမ် တို့ကို ပစ်မှတ်ထား

Friday, July 27, 2012

၁၀ တန်းအောင်ဘွဲ့ရတော့ဘာလုပ်မှလဲတဲ့

 

ဒေါက်တာနေ၀င်းအောင် ဆောင်းပါလေးဖတ်မိလို့ ကျွန်တော်ရေးဖြစ်တာပါ... ကွန်တော်
ဒေါက်တာကိုအရမ်း လေးစားသွားမိတယ်ဗျာ...  ဆရာရေ
မုံရွာမြို့သတင်း
“ မုံရွာမြို့တွင် စိတ်ကြွရှုးသွပ်ဆေးပြား (၅၀၀၀)ကျော်ကိုသက်ဆိုင်ရာကဖမ်းဆ
ီး”
မသန္တာ(သလ္လာဝတီတိုင်းမ်)မုံရွာတာဝန်ခံ
စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ကန်ပတ်လမ်းဒေါင့်ရှိ စိမ်းရောင်စိုစားသောက်ဆိုင်တစ်ဆိုင်အတွင်း ၀င်ရောက်စားသေက်နေသော လူငယ်များထံမှ စိတ်ကြွရှုးသွပ် ဆေးပြားများအား သက်ဆိုင်ရာက ယခုလ (၂၅) ရက် ညနေပိုင်းအချိန်ကဖမ်းဆီးအရေးယူမှု ဖြစ်ပွားသည်ကိုမျက်မြင်ကြုံတွေခဲ့သူ ဒေသခံ တစ်ဦးက ThanLarWaddy Times သို့ပြောကြားသည်။
“ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းနံပါတ် (၁၁)မှာ စားသောက်နေတဲ့ လူငယ်လေး ယောက်ကို သက်ဆိုင်ရာက စစ်ဆေးတဲ့အခါ စိတ်ကြွရှုးသွပ်ဆေးပြားတွေ ဖမ်းဆီးရရှိမိတာဖြစ် တယ်..” ဟု ၎င်းက ဆက်လက်၍ ပြောကြားသည်။
အဆိုပါ ဆေးပြားများဖမ်းဆီးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူ တစ်ဦးက “ ဖမ်းဆီးရရှိမိတဲ့ ဆေးပြားတွေက စိတ်ကြွရှုးသွပ်ဆေးပြားများဖြစ်တယ်.. အရေအတွက်ကတော့အပြား(၅၀၀၀)ကျော် (w.y)စာတမ်းပါတဲ့ စိတ်ကြွဆေးပြား (၂၀၀) ပါတဲ့ အထုပ်(၂၅) ထုပ်ဖမ်းမိတာဖြစ်ပါတယ်.. ရဲလုပ်ငန်းမပြီးပြတ်သေးတဲ့အတွက် အဖမ်းခံရတဲ့သူ တွေရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုလို့ မဖြစ်နိုင်သေးပါဘူး.. အမှုရေးဖွင့် ဆောင်ရွက်ထားပါတယ်. မုံရွာ အမှတ်(၁) ရဲစခန်း မူးယစ်(ပ) ၆ /၂၀၁၂ မူး/စိတ် - ၁၅(က) / ၂၁ အရ အရေးယူထားပါတယ် …” ဟု ၎င်း ကတုန့်ပြန်ပြောဆိုသည်။
မူးယစ်ဆေးဝါးများသုံးစွဲမှုသည် မုံရွာတက္ကသိုလ်ကျောင်းသာ/သူတွေအများဆုံးဖြစ်ပြီး၊စီးပွားရေးတက္ကသိုလ်ကျောင်းသားတစ်ချို့ လည်းယခုနှစ်မှာစတင်ပေါများလာကြောင်းသိရသည်။
စိတ်ကြွဆေးပြားများကာလခန့်မှန်းတန်ဘိုးငွေမှာကျပ်သိန်း(၃၀၀)ကျော်ရှိပြီးအမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲဆိုနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
(ရွှေသလ္လာမှ )

Thursday, July 26, 2012

ဆန်းသလား

ဆန်းသလား

အဖွဲ့အစည်းတွေ  စတိတ်မန့်ထုတ်
တတ်သိလူငယ်  အငြင်းအခုံလုပ်
တကယ်အလုပ်မဖြစ်တာ ဆန်းသလား ...။

တာဝန်ရှိက  အလုပ်မလုပ်
အားနေသူတွေ  အရှုပ်ထုပ်
တရုတ်ရုတ်ဖြစ်တာ  ဆန်းသလား...။

လူကြီးတွေက အခမ်းနား
လူငယ်တွေက လမ်းသလား
တိုင်းပြည်မွဲတာ ဆန်းသလား ...။

(ရုပ်ဆိုး)

ဗိုလ်ချုပ်အတုနှင့်ဒေါ်ခင်ကြည်အတု ရွေးပြီ


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။