သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
လာရောက်လည်ပတ်သူအားလုံးကို ကြိုဆိုပါတယ်
Friday, July 27, 2012
၁၀ တန်းအောင်ဘွဲ့ရတော့ဘာလုပ်မှလဲတဲ့
ဒေါက်တာနေ၀င်းအောင် ဆောင်းပါလေးဖတ်မိလို့ ကျွန်တော်ရေးဖြစ်တာပါ... ကွန်တော်
ဒေါက်တာကိုအရမ်း လေးစားသွားမိတယ်ဗျာ...  ဆရာရေ
မုံရွာမြို့သတင်း
“ မုံရွာမြို့တွင် စိတ်ကြွရှုးသွပ်ဆေးပြား (၅၀၀၀)ကျော်ကိုသက်ဆိုင်ရာကဖမ်းဆ
ီး”
မသန္တာ(သလ္လာဝတီတိုင်းမ်)မုံရွာတာဝန်ခံ
စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ကန်ပတ်လမ်းဒေါင့်ရှိ စိမ်းရောင်စိုစားသောက်ဆိုင်တစ်ဆိုင်အတွင်း ၀င်ရောက်စားသေက်နေသော လူငယ်များထံမှ စိတ်ကြွရှုးသွပ် ဆေးပြားများအား သက်ဆိုင်ရာက ယခုလ (၂၅) ရက် ညနေပိုင်းအချိန်ကဖမ်းဆီးအရေးယူမှု ဖြစ်ပွားသည်ကိုမျက်မြင်ကြုံတွေခဲ့သူ ဒေသခံ တစ်ဦးက ThanLarWaddy Times သို့ပြောကြားသည်။
“ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းနံပါတ် (၁၁)မှာ စားသောက်နေတဲ့ လူငယ်လေး ယောက်ကို သက်ဆိုင်ရာက စစ်ဆေးတဲ့အခါ စိတ်ကြွရှုးသွပ်ဆေးပြားတွေ ဖမ်းဆီးရရှိမိတာဖြစ် တယ်..” ဟု ၎င်းက ဆက်လက်၍ ပြောကြားသည်။
အဆိုပါ ဆေးပြားများဖမ်းဆီးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူ တစ်ဦးက “ ဖမ်းဆီးရရှိမိတဲ့ ဆေးပြားတွေက စိတ်ကြွရှုးသွပ်ဆေးပြားများဖြစ်တယ်.. အရေအတွက်ကတော့အပြား(၅၀၀၀)ကျော် (w.y)စာတမ်းပါတဲ့ စိတ်ကြွဆေးပြား (၂၀၀) ပါတဲ့ အထုပ်(၂၅) ထုပ်ဖမ်းမိတာဖြစ်ပါတယ်.. ရဲလုပ်ငန်းမပြီးပြတ်သေးတဲ့အတွက် အဖမ်းခံရတဲ့သူ တွေရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုလို့ မဖြစ်နိုင်သေးပါဘူး.. အမှုရေးဖွင့် ဆောင်ရွက်ထားပါတယ်. မုံရွာ အမှတ်(၁) ရဲစခန်း မူးယစ်(ပ) ၆ /၂၀၁၂ မူး/စိတ် - ၁၅(က) / ၂၁ အရ အရေးယူထားပါတယ် …” ဟု ၎င်း ကတုန့်ပြန်ပြောဆိုသည်။
မူးယစ်ဆေးဝါးများသုံးစွဲမှုသည် မုံရွာတက္ကသိုလ်ကျောင်းသာ/သူတွေအများဆုံးဖြစ်ပြီး၊စီးပွားရေးတက္ကသိုလ်ကျောင်းသားတစ်ချို့ လည်းယခုနှစ်မှာစတင်ပေါများလာကြောင်းသိရသည်။
စိတ်ကြွဆေးပြားများကာလခန့်မှန်းတန်ဘိုးငွေမှာကျပ်သိန်း(၃၀၀)ကျော်ရှိပြီးအမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲဆိုနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
(ရွှေသလ္လာမှ )
Thursday, July 26, 2012
ဆန်းသလား
ဆန်းသလား
အဖွဲ့အစည်းတွေ  စတိတ်မန့်ထုတ်
တတ်သိလူငယ်  အငြင်းအခုံလုပ်
တကယ်အလုပ်မဖြစ်တာ ဆန်းသလား ...။
တာဝန်ရှိက  အလုပ်မလုပ်
အားနေသူတွေ  အရှုပ်ထုပ်
တရုတ်ရုတ်ဖြစ်တာ  ဆန်းသလား...။
လူကြီးတွေက အခမ်းနား
လူငယ်တွေက လမ်းသလား
တိုင်းပြည်မွဲတာ ဆန်းသလား ...။
(ရုပ်ဆိုး)
ဗိုလ်ချုပ်အတုနှင့်ဒေါ်ခင်ကြည်အတု ရွေးပြီ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။
လွယ်ကူလေ့လာ အင်္ဂလိပ်စာ
အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကို သွားရဖို့ အကြောင်းပေါ်လာရင် အင်္ဂလိပ်လိုပြောနိုင် ဖို့ speaking skill ကို ကျွမ်းကျင်ချင်ကြတယ်။ ကျွမ်းကျင်မှုတစ်ခုဆိုတာ လေ့ကျင့်မှုမရှိဘဲ မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ်ကြီးမှာ speaking သင်တန်းကောင်းကောင်းလေးများ မရှိဘူးလားလို့ မေးကြတယ်။ ကျွန်တော်ကတော့ အွန်လိုင်း သို့မဟုတ် အင်တာနက်ဟာ အကောင်းဆုံး သင်တန်းကြီးပဲလို့ပြောရင် လက်ခံနိုင်ကြပါ့မလား မသိဘူး။
 အင်္ဂလိပ်စာသင်ယူမှုမှာ ဝိဝါဒကွဲတာ တွေအများကြီး။ နိုင်ငံခြားကလာတဲ့ foreigner နဲ့ သင်မှ တို့၊ နိုင်ငံခြား ကျောင်းတက်မှဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်။ ပြည်တွင်းဖြစ်နိုင်ငံခြားဆရာတွေအနေနဲ့ အင်္ဂလိပ်စာကို မြန်မာလိုပြောပြီး၊ စာဖတ်ပြ သင်နေတာတွေလည်း တွေ့ရတယ်။ အဲဒီလို သင်တန်းတွေ သွားတက်မယ့်အစား အွန်းလိုင်းကပဲ လေ့လာတာ ပိုကောင်းဦးမယ်။
 အင်္ဂလိပ်လိုပြောဖို့ ရေးဖို့ဆိုတာ အခြေခံရှိပြီးသူတွေမှာ practice တွေအများကြီးလိုတယ်။ ကိုယ်နဲ့အတူ practice လုပ်နေတဲ့သူက စာဖတ်ပြနေတဲ့သူတွေ ဆိုရင်တော့ ပေးကားပေး၏ မရဆိုသလို ဖြစ်နေလိမ့်မယ်။
မန်လည်ဆရာတော်၏မာဃဒေ၀လင်္ကာ
ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊
 ဤလူ့ ဌာန်၌၊ ဥာဏ်ဝီရိယ၊
 ပယောဂတည့်၊ကာလဒေသ၊
 ပုဂ္ဂလကို၊နှိုင်းဆအပ်တုံ
 ကံကိုယုံ၍၊မီးပုံအတွင်း
 မဆင်းထိုက်စွာ၊ကျားရဲရာလည်း
 ကြမ္မာအကြောင်း၊မရိုးကောင်းရှင့်
 သူကောင်းရှေးက၊ဆိုကြကုန်၏။
 လုံလမထူ၊ဥာဏ်မကူဘဲ
 အယူတစ်ချောင်း၊ကံတစ်ကြောင်းမျှ၊
 မကောင်းလည်းကံ၊ကောင်းလည်းကံဟု
 ကံကိုချည်းသာ၊မကိုးရာဘူး
 ပညာဥာဏ်ဖြင့်၊သင့်မသင့်ကို
 အခွင့်ရှု၍၊အပြုလုံလ ရှိအပ်စွတည့်။
                                         မန်လည်ဆရာတော်ဘုရားကြီး၏မာဃဒေ၀လင်္ကာသစ်
လက်ကိုင်ဖုန်းတစ်လုံး၏လှို့ ဝှက်ချက်များ
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု - မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါ တယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
စိတ်ကောင်းဆိုတာ
စိတ်ကောင်းစိတ်မြတ် ရှစ်မျိုး
 ၁။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်ယှဉ်သော၊အလိုလိုထက်သန်မှုရှိသောစိတ်
 ၂။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်ယှဉ်သော၊တိုက်တွန်းပြီးဖြစ်သောစိတ်
 ၃။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊အလိုလိုထက်သန်သောစိတ်
 ၄။ဝမ်းမြောက်ဝမ်းသာဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊တိုက်တွန်းပြီးဖြစ်သောစိတ်
 ၅။သာမာန်ဖြစ်သော၊ညဏ်နှင့်ယှဉ်သော၊အလိုလိုထက်သန်သောစိတ်
 ၆။သာမာန်ဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊တိုက်တွန်းပြီးဖြစ်သောစိတ်
 ၇။သာမာန်ဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊အလိုလိုထက်သန်မှုဖြစ်သောစိတ်
 ၈။သာမာန်ဖြစ်သော၊ညဏ်နှင့်မယှဉ်သော၊တိုက်တွန်းပြီးဖြစ်သောစိတ်
 သာမာန်ဖြစ်သောစိတ်ကို ဥပက္ခာသဟဂုတ်စိတ် ဟုခေါ်သည်။
 ညဏ်နှင့်ယှဉ်သောစိတ်ကို ဥာဏသမ္ပယုတ်စိတ် ဟုခေါ်သည်။
 ညဏ်နှင့်မယှဉ်သောစိတ်ကို ဥာဏ၀ိပ္ပယုတ်စိတ် ဟုခေါ်သည်။
 မတိုက်တွန်းရဘဲအလိုလိုဖြစ်သောစိတ်ကို အသင်္ခါရိကစိတ် ဟုခေါ်သည်။
 တိုက်တွန်းမှဖြစ်သောစိတ်ကို သသင်္ခါရိကစိတ် ဟုခေါ်သည်။
 ဆရာနန္ဒာသိန်းဇံ ၏ အရိမဒ္ဒနမှတွေးမြင်ရနံ့ တို့  ဝေ့ပျံ့ နေဆဲ မှ ကူးယူဖော်ပြပါသည်။