ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊
ဤလူ့ ဌာန်၌၊ ဥာဏ်ဝီရိယ၊
ပယောဂတည့်၊ကာလဒေသ၊
ပုဂ္ဂလကို၊နှိုင်းဆအပ်တုံ
ကံကိုယုံ၍၊မီးပုံအတွင်း
မဆင်းထိုက်စွာ၊ကျားရဲရာလည်း
ကြမ္မာအကြောင်း၊မရိုးကောင်းရှင့်
သူကောင်းရှေးက၊ဆိုကြကုန်၏။
လုံလမထူ၊ဥာဏ်မကူဘဲ
အယူတစ်ချောင်း၊ကံတစ်ကြောင်းမျှ၊
မကောင်းလည်းကံ၊ကောင်းလည်းကံဟု
ကံကိုချည်းသာ၊မကိုးရာဘူး
ပညာဥာဏ်ဖြင့်၊သင့်မသင့်ကို
အခွင့်ရှု၍၊အပြုလုံလ ရှိအပ်စွတည့်။
မန်လည်ဆရာတော်ဘုရားကြီး၏မာဃဒေ၀လင်္ကာသစ်
No comments:
Post a Comment